Taking too long? Close loading screen.

WIN ၏ နည်းစနစ်ဗေဒ

အချက်အလက်စုဆောင်းမှု

ယခုစီမံကိန်းတွင် အချက်အလက်စုဆောင်းမှုနည်းလမ်း ၂ မျိုးကို အသုံးပြုထားပါသည်။ ၎င်းတို့မှာ အွန်လိုင်းမှတစ်ဆင့် စစ်တမ်းကောက်ယူခြင်း နှင့် မီဒီယာတွင် စီမံခန့်ခွဲနေသူများကို အွန်လိုင်းမှတစ်ဆင့် ဗီဒီယို အင်တာဗျူးများ ဆောင်ရွက်ခြင်းတို့ ဖြစ်ကြသည်။ အဆိုပါနည်းလမ်း ၂ ခုသုံး ချည်းကပ်မှုသည် သတင်းခန်းများတွင် ဖြစ်ပေါ်နေသည့် လိင်ပိုင်းဆိုင်ရာစော်ကားမှု ပုံစံများကို နားလည်ရန် နှင့် မီဒီယာအဖွဲ့အစည်းများအတွင်းရှိ အာဏာရှိသော ရာထူးနေရာများတွင် လုပ်ကိုင်နေသည့် အရာရှိများ၏ အတွေးအမြင်များကို တိုင်းတာနိုင်ရန် ဖန်တီးထားသည်။

စစ်တမ်းကောက်ယူမှုအား ပြန်လည်ဖြေကြားမှုတွင် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်းမရှိဘဲ အင်တာဗျူးတွင် ပါဝင်သူများကိုလည်း ၎င်းတို့၏ သရုပ်အမှန်ကို ကာကွယ်သည့်အနေဖြင့် အမည်လွှဲများဖြင့်သာ ဖော်ပြထားသည်။

အချက်အလက်စုဆောင်းခြင်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၁ ခုနှစ် မတ်လအထိ ဆောင်ရွက်ခဲ့သည်။ စစ်တမ်းကောက်ယူခြင်း များနှင့် ထဲထဲဝင်ဝင် အင်တာဗျူးခြင်းများကို COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ရပ်ဝေးမှသာ ဆောင်ရွက်ခဲ့သည်။ အချက်အလက်စုဆောင်းခြင်းများကို ပါဝင်သူများ၏ မိခင်ဘာသာစကားဖြင့် ဆောင်ရွက်ခဲ့သည်။ စစ်တမ်းဖြေဆိုချိန်သည် ပျမ်းမျှ ၁၉ မိနစ်ခန့် ကြာရှည်သည်။ အင်တာဗျူးတွင် ပါဝင်ဖြေကြားပေးသူများမှာ WIN-IFRA၊ Women In News တို့နှင့် မတူညီသည့် စွမ်းဆောင်ရည်များ အလိုက် ချိတ်ဆက်ထားသူများ (စွမ်းရည်မြှင့်တင်ရေး သို့မဟုတ် အသိပညာမြှင့်တင်ရေး လုပ်ဆောင်ချက်များမှ တစ်ဆင့်) နှင့် မီဒီယာအဖွဲ့အစည်းများမှ လိင်ပိုင်းဆိုင်ရာစော်ကားမှုအကြောင်း ဆွေးနွေးခြင်းတွင် ဝင်ရောက်ဆွေးနွေးလိုသော စီမံခန့်ခွဲသူများ (WIN နှင့် ဆက်နွယ်မှု ရှိသူဖြစ်စေ မရှိသူဖြစ်စေ) တို့ ပါဝင်သည်။ ရုရှားနိုင်ငံတွင်ဆောင်ရွက်ခဲ့သည့် လေ့လာချက်တွင်မူ ANRI-Media သင်တန်းများတွင် တက်ရောက်ခဲ့သည့် အဖွဲ့အစည်းများကို ထည့်သွင်းထားသည်။ အင်တာဗျူးတစ်ခု၏ ပျမ်းမျှကြာချိန်မှာ မိနစ် ၄၀ ဖြစ်သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဘာသာစကားနှင့် နမူနာအရွယ်အစား

လိင်စိတ်ခံယူမှုနှင့် ကျားမ ကွဲပြားမှုတို့နှင့် ပတ်သက်သည့် ဘာသာစကားများသည် လျှင်မြန်စွာ တိုးတက်လာနေဆဲ ဖြစ်သည်ကို WIN က ဤအစီရင်ခံစာရေးနေစဉ်မှာပင် သတိပြုမိခဲ့သည်။ စကားလုံးများ နှင့် ၎င်းတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပိုမိုရှင်းလင်းကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းသည် လိင်စိတ်ခံယူမှုနှင့် ကျားမ ကွဲပြားမှုတို့၏ ဖွဲ့စည်းတည်ဆောက်ထားပုံများ တိုးတက်လာမှုက မည်မျှရှုပ်ထွေးသည်ဆိုခြင်းကို WIN မှ နားလည်ထားမှုအပေါ်တွင် အခြေခံထားပါသည်။

သုတေသနထဲတွင် ပါဝင်သူများကို ၎င်းတို့၏ သရုပ်ကို အမျိုးသမီး၊ အမျိုးသား သို့မဟုတ် ကျား/မ မဖော်ပြလို ဟူ၍ ရွေးချယ်ကာ ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ ကျား/မ မဖော်ပြလိုဘဲ ပါဝင်သူများ၏ အရေအတွက်မှာ နည်းပါးသည်။ ကျား/မ မဖော်ပြခြင်းကြောင့် ၎င်းတို့ခံစားတွေ့ကြုံခဲ့ရသည်များ လျော့ပါးမသွားသော်လည်း အချက်အလက်များနှင့် သိသာထင်ရှားသည့် ဆက်နွယ်မှုကို ဖော်ပြရန်ခက်ခဲသဖြင့် စာရင်းအင်း တွက်ချက်မှုများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ စာရင်းအင်းစစ်ဆေးမှုများသည် လူဦးရေကို ကိုယ်စားပြုမှုအား သေချာစေရန် နှင့် ရလဒ်ကို လွှဲပြောင်းပေးမည့် သို့မဟုတ် ခြုံငုံ၍ ကောက်ချက်ချရမည့် အုပ်စုများ၏ ကိုယ်စားပြုအဖြစ် စဉ်းစားနိုင်ရန် အတွက် ပိုမိုများပြားသည့် နမူနာအရေအတွက်ပမာဏ လိုအပ်သည်။ ထို့ကြောင့် အဆိုပါအချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။ သို့သော် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု အတွေ့အကြုံများသည် မည်သည့်အုပ်စုတွင်မဆို လစ်လျှူရှု၍ မရကြောင်း ရရှိလာသည့် ဒေတာ အချက်အလက်များက ဖော်ပြနေသည်။ ထို့ကြောင့် အရေအတွက်သေးငယ်သည့်အခါ အဆိုပါ အချက်အလက်ကို ပြန်လည်သတိပြုရသည်။

နိုင်ငံတစ်ခုချင်းစီ၏ အရွယ်အစား၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ နိုင်ငံရေး၊ ဥပဒေ နှင့် စီးပွားရေး စနစ်၊ ပထဝီ၊ ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းအစဉ်အလာတို့သည် များစွာ ကွဲပြားခြားနားကြသည်ကို WIN က အသိအမှတ်ပြုပါသည်။ ထို့ကြောင့် ယခုသုတေသနအဆင့်အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အတွေ့အကြုံများ၏ ဒေသအလိုက် ပုံစံများအပေါ်တွင် အဓိက အာရုံစိုက် ဆောင်ရွက်ခဲ့ပါသည်။

လူတစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ထိုသူကို အဆင့်နှိမ့်သည်၊ လှောင်ပြောင်သည်၊ ကြောက်လန့်စေသည်၊ ခြိမ်းခြောက်သည် ဟု ခံစားရစေပြီး လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သော မလိုချင်သည့်၊ စော်ကားသည့် အပြုအမူကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟု WIN က အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

မျက်မြင်တွေ့နိုင်သည့် အချက်အလက်များ တွက်ချက်ခြင်း

နှုတ်ဖြင့်၊ ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှု များကို မြင်တွေ့နိုင်သည့် ပုံစံဖြင့် တွက်ချက်ထားပါသည်။ နှုတ်ဖြင့်၊ ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို စုပေါင်းတွက်ချက်ရာတွင် ပျမ်းမျှ သဘောဖြင့်သာ တွက်ချက်ပါသည်။

စုစုပေါင်းအရေအတွက်သည် မေးခွန်းဖြေဆိုသူအရေအတွက်နှင့် ညီမျှသည်

Data interpretation

Percentages are of the participants of any given region/country – ie) 40% of the 2,005 participants in the study experienced verbal sexual harassment. These are reflected as bubbles in the graphics. If no participant responded they had experienced sexual harassment, the bubble does not appear.